
(Zawgyi)
(Unicode)
ဒီဇာတ်လမ်းလေးက Rebellion တစ်ခုကို တိရစ္ဆာန် လေးတွေနဲ့ ပုံဖော်ပြီး ရိုက်ထားတဲ့ ကားလေးပါ … ဒီကားထဲမှာ ခြံရှင်ကြီး မာစတာ ဂျုန်း , Snowball , Napoleon နဲ့ Squealer လို့ခေါ်တဲ့ ဝက်ကလေး သုံးကောင် , Boxerဆိုတဲ့ မြင်းလေးနဲ့ Benjamin ဆိုတဲ့ မြည်းလေးတို့ပါဝင်ထားပါတယ် …
စာအုပ်ထဲမှ သင်ရတဲ့ Boxerရဲ့ ဇနီး Cloverတော့ မပါလာဘူး …
စာအုပ်ထဲကနဲ့ကွဲလွဲ ချက်လေးတွေ နည်းနည်း ရှိပေမယ့် တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ကဇာတ်လမ်းလေးပါ … Asian Movie မဟုတ်ပေမယ့် အချို့တက္ကသိုလ် ကျောင်းသားတွေ သင်ရတဲ့ သင်ရိုးညွှန်းတန်းမှာပါလို့ သင်ထောက်ကူတစ်ခုအနေနဲ့ ကြည့်နိုင်ဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ် … သခင်ဘသောင်း ဘာသာပြန်ဆိုထားတဲ့ “ခြေလေးချောင်း တော်လှန်ရေး”ဆိုတဲ့ စာအုပ်လည်းထွက်ထားတဲ့ ကားလေးပါ … သူ့ခေတ်နဲ့သူ့အခါမှာတော့ နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းလေးပါ … ဒီကားလေးက လုပ်ရတာ လွယ်တယ်ထင်ရပေမယ့် တော်တော်ကို ခေါင်းစားခဲ့ရပါတယ် …
ကဲကဲ..ပိုပြီး သိရအောင်George Orwell ရေးတဲ့ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်လိုက်ကြပါ … ဗဟုသုတ ရစေမယ့် ကားလေးဖြစ်ပါတယ် …