
(Zawgyi)
Awe ဆိုတဲ့ရုပ္ရွင္ဇာတ္ကားေလးကေတာ့ ဘက္စံုပညာေပးဇာတ္ကားတစ္ကားျဖစ္ပါတယ္။ ဇာတ္လမ္းတစ္ပိုင္းစီကိုအရင္ျပျပီး ေနာက္မွ ေျပာခ်င္တဲ့အခ်က္ကိုမီးေမာင္းထုိးျပဖို႕ အားလံုးကိုခ်ိတ္ဆက္ျပတဲ့ဇာတ္ကားျဖစ္ပါတယ္။ လူေတြရဲ႕ယုတ္မာတဲ့စရိုက္ေတြ၊ကိုယ့္ဘာသာအေတာ္ဆံုးလို႕အထင္ေရာက္တတ္ႀကတဲ့မာနေတြ၊သဘာဝသစ္ပင္ပန္းမန္ေတြကိုတန္ဖိုးမထားမႈေတြ၊တစ္ကိုယ္တည္းစိတ္အားငယ္တဲ့အခါႀကံဳရတဲ့စိတ္ေျခာက္ျခားမႈေတြ၊သူမ်ားပစၥည္းမတရားလိုခ်င္တဲ့ေလာဘေတြ၊စိတ္ထြက္ေပါက္အျဖစ္မူးယစ္ေဆးသံုးတာေတြ၊သူစိမ္းနဲ႕မိသားစုႀကားမွာျပႆနာႀကံဳတဲ့အခါ မွန္မွန္မွားမွာ ကိုယ့္မိသားစုကိုပဲကာကြယ္ခ်င္တဲ့စိတ္ေတြစတဲ့စတဲ့ဇာတ္လမ္းရသေတြပါဝင္ပါတယ္ခင္ဗ်။ႀကည့္ရတာလဲရသစံုျဖစ္ပါတယ္။ ဒီကားဟာဆိုက္ကိုပိုင္းလည္းအမ်ားႀကီးပါပါတယ္။
လူအမ်ိဳးမ်ိဳး စိတ္အေထြေထြဆိုတာရွိပါတယ္။ ဒါေပမယ့္ လူတစ္ေယာက္မွာ စိတ္အမ်ိဳးမ်ိဳးျဖစ္ေနရင္ေတာ့ ဒါဟာရူးတယ္လို႕ေခၚရမွာပါ။ဒါဆို ဘယ္သူကေရာမရူးလို႕လဲ။မရူးတဲ့လူဘယ္သူရွိလို႕လဲ။လိင္စိတ္၊မ်ိဳးႏြယ္စြဲစိတ္၊ေရွးရိုးစြဲစိတ္၊အတိတ္ကိုျပန္ေတာင့္တတဲ့စိတ္၊ဘဝရဲ႕သာယာတဲ့အပိုင္းေလးကိုပဲ ျပန္သြားခ်င္တဲ့လူေတြရဲ႕စိတ္၊ စတဲ့ စိတ္အစြဲေတြကိုမီးေမာင္းထိုးျပတဲ့ကားလည္းျဖစ္ပါတယ္။
(Unicode)
Awe ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးကတော့ ဘက်စုံပညာပေးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပိုင်းစီကိုအရင်ပြပြီး နောက်မှ ပြောချင်တဲ့အချက်ကိုမီးမောင်းထိုးပြဖို့ အားလုံးကိုချိတ်ဆက်ပြတဲ့ဇာတ်ကားဖြစ်ပါတယ်။ လူတွေရဲ့ယုတ်မာတဲ့စရိုက်တွေ၊ကိုယ့်ဘာသာအတော်ဆုံးလို့အထင်ရောက်တတ်ကြတဲ့မာနတွေ၊သဘာဝသစ်ပင်ပန်းမန်တွေကိုတန်ဖိုးမထားမှုတွေ၊တစ်ကိုယ်တည်းစိတ်အားငယ်တဲ့အခါကြုံရတဲ့စိတ်ခြောက်ခြားမှုတွေ၊သူများပစ္စည်းမတရားလိုချင်တဲ့လောဘတွေ၊စိတ်ထွက်ပေါက်အဖြစ်မူးယစ်ဆေးသုံးတာတွေ၊သူစိမ်းနဲ့မိသားစုကြားမှာပြဿနာကြုံတဲ့အခါ မှန်မှန်မှားမှာ ကိုယ့်မိသားစုကိုပဲကာကွယ်ချင်တဲ့စိတ်တွေစတဲ့စတဲ့ဇာတ်လမ်းရသတွေပါဝင်ပါတယ်ခင်ဗျ။ကြည့်ရတာလဲရသစုံဖြစ်ပါတယ်။ ဒီကားဟာဆိုက်ကိုပိုင်းလည်းအများကြီးပါပါတယ်။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတာရှိပါတယ်။ ဒါပေမယ့် လူတစ်ယောက်မှာ စိတ်အမျိုးမျိုးဖြစ်နေရင်တော့ ဒါဟာရူးတယ်လို့ခေါ်ရမှာပါ။ဒါဆို ဘယ်သူကရောမရူးလို့လဲ။မရူးတဲ့လူဘယ်သူရှိလို့လဲ။လိင်စိတ်၊မျိုးနွယ်စွဲစိတ်၊ရှေးရိုးစွဲစိတ်၊အတိတ်ကိုပြန်တောင့်တတဲ့စိတ်၊ဘဝရဲ့သာယာတဲ့အပိုင်းလေးကိုပဲ ပြန်သွားချင်တဲ့လူတွေရဲ့စိတ်၊ စတဲ့ စိတ်အစွဲတွေကိုမီးမောင်းထိုးပြတဲ့ကားလည်းဖြစ်ပါတယ်။
(Unicode)