
(Zawgyi)
Halloween မတိုင္ခင္အႀကိဳညေလးမွာ Manhattan ျမဳိ့ေလးမွာ Halloween ပြဲအတြက္ကေလးေရာလူႀကီးမ်ားပါအလုပ္႐ႈပ္ေနၾကပါတယ္ Halloween ရဲ႕ပြဲေတာ္အတိုင္း အိမ္ေပါက္ေစ့ ကေလးေတြဟာ ခ်ိဳခ်ဥ္ေတြသၾကားလံုးေတြကို လိုက္လံေတာင္းခံၾကတာေပါ့ Dr Strange အိမ္ေ႐ွ႕အေရာက္ ထူးဆန္းတာေတြနဲ႔ လာေတာင္းတဲ့ကေလးေတြၾကံဳရပါေတာ့တယ္ အ့ဲအခ်ိန္မွာပဲ Hulk ေရာက္လာၿပီး မေကာင္းဆိုးဝါးေတြကိုႏွိမ္နင္းခဲ့ပါတယ္ မၾကာခင္ပဲ Howling Commandos ေတြနဲ႔ဆံုေတြ႔ခဲ့ၾကၿပီး Dr Strange က သူ႔ကိုမိသားစုတစ္စုက သူတို႔သား Benito ရဲ႕ အိပ္စက္ပံုနဲ႔ပတ္သက္ၿပီးကုသေပးဖို႔ေတာင္းဆိုလာတဲ့အခါ အိပ္မက္ေတြကိုအုပ္ခ်ဳပ္သူ Nightmare လက္ခ်က္မွန္း Dr Strange သိသြားခဲ့ၿပီး ေနာက္ထပ္သူေတြလည္း Benito လိုမျဖစ္ေအာင္ လိုက္လံတားဆီးရပါေတာ့တယ္
Dr Strange,Hulk နဲ႔ Howling Commandos တို႔ Manhattan ၿမိဳ႕ေလးကိုကာကြယ္ႏိုင္မလား လက္လႊတ္လိုက္ရမလား အိပ္ေပ်ာ္ေနတဲ့ၿမိဳ႕သူၿမိဳ႕သားေတြကပဲ Nightmare ထိန္းခ်ဳပ္မႈခံရမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကပါခင္ဗ်ာ
အားလံုးပဲ Dr Strange Movie အႀကိဳအတြက္
တင္ဆက္ေပးလိုက္ပါတယ္….
(Unicode)
Halloween မတိုင်ခင်အကြိုညလေးမှာ Manhattan မြို့လေးမှာ Halloween ပွဲအတွက်ကလေးရောလူကြီးများပါအလုပ်ရှုပ်နေကြပါတယ် Halloween ရဲ့ပွဲတော်အတိုင်း အိမ်ပေါက်စေ့ ကလေးတွေဟာ ချိုချဉ်တွေသကြားလုံးတွေကို လိုက်လံတောင်းခံကြတာပေါ့ Dr Strange အိမ်ရှေ့အရောက် ထူးဆန်းတာတွေနဲ့ လာတောင်းတဲ့ကလေးတွေကြုံရပါတော့တယ် အဲ့အချိန်မှာပဲ Hulk ရောက်လာပြီး မကောင်းဆိုးဝါးတွေကိုနှိမ်နင်းခဲ့ပါတယ် မကြာခင်ပဲ Howling Commandos တွေနဲ့ဆုံတွေ့ခဲ့ကြပြီး Dr Strange က သူ့ကိုမိသားစုတစ်စုက သူတို့သား Benito ရဲ့ အိပ်စက်ပုံနဲ့ပတ်သက်ပြီးကုသပေးဖို့တောင်းဆိုလာတဲ့အခါ အိပ်မက်တွေကိုအုပ်ချုပ်သူ Nightmare လက်ချက်မှန်း Dr Strange သိသွားခဲ့ပြီး နောက်ထပ်သူတွေလည်း Benito လိုမဖြစ်အောင် လိုက်လံတားဆီးရပါတော့တယ်
Dr Strange,Hulk နဲ့ Howling Commandos တို့ Manhattan မြို့လေးကိုကာကွယ်နိုင်မလား လက်လွှတ်လိုက်ရမလား အိပ်ပျော်နေတဲ့မြို့သူမြို့သားတွေကပဲ Nightmare ထိန်းချုပ်မှုခံရမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြပါခင်ဗျာ
အားလုံးပဲ Dr Strange Movie အကြိုအတွက်
တင်ဆက်ပေးလိုက်ပါတယ်….