(Zawgyi)
သို့ တည်းမဟုတ် Pee Mak က Nak ကို ” သရဲမကြီး !!!!! ” လို့ အော်ပြီး Nak နဲ့ ဝေးရာကို ရှောင်ပြေးပုန်းရှောင်ဖို့ ကြိုးစားမှာပေါ့ .. အဲ့လိုသာဆို အဲ့ဇာတ်လမ်းထဲမှာ Pee Mak က Nak ကိုရှောင်ပြေးရင်း Nak တစ်ယောက်က အချစ်ရူးမကြီးဖြစ်ပြီး သူ့ ကို တကယ်မချစ်တဲ့ Pee Mak ကို လိုက်ပြီး သတ်ဖြတ်လုပ်ကြံဖို့ ကြိုးစားရင်းနဲ့  တကယ့်ကြောက်စရာသရဲကား Drama အသည်းနာစရာ အလွမ်းအဆွေးဇာတ်ကားကြီးဖြစ်သွားမှာပေါ့ .. အလိုလိုနေရင်း Nak တစ်ယောက်ကလည်း လူတွေအမြင်မှာ သရဲမကြီး အပြင် လူဆိုးမကြီး ဖြစ်သွားမှာပေါ့ ..
Pee Mak က ..
ဒီနေ့ ခေတ်ကြီးထဲမှာ မြေကွက်တွေထက်တောင် ပိုပြီး ဈေးတက်နေတဲ့  .. ရွှေထက်တောင်ပိုရှားပါးပြီး တန်ဖိုးရှိနေတဲ့ အချစ်စစ် ဆိုတဲ့အရာကို Pee Mak ရဲ့ ရင်ထဲကနေ ကိုယ်နဲ့ ထိုက်တန်စွာ ပေးဆပ်ရင်း ရခဲ့တဲ့ Nak ရဲ့ ဘ၀ကလည်း ပျော်ရွှင်စရာပဲမဟုတ်လား ???
ကိုယ်တကယ်ချစ်တဲ့ ၊ ကိုယ့်ကိုတကယ်ချစ်တဲ့ချစ်သူနဲ့ အတူ အမြဲတမ်း ထာဝစဉ် ၊ ထာဝရ မခွဲမခွာ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်နိုင်ကြပါစေလို့  ကျွန်တော် Rကာမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
Unicode)
IMDb Rating(7.4/10) ထိရရှိထားပြီး အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့ ထိုင်းဇာတ်ကားဖြစ်ပါတယ်။
ယခင်ကတင်ပေးထားတာ သိပ်မကြည်လို့ အခု(အကြည် မြန်မာစာတန်းထိုး)နဲ့ပြန်တင်ပေးလိုက်ပါတယ်။
ရုပ်ရှင်အညွှန်းကိုတော့ R Ker ရေးထားတာသဘောကျလို့ သူ့အမြင်ကို ညွှန်းလိုက်ပါတယ်။
Pee Mak နဲ ့Nak ရဲ့ အချစ်မှာ Pee Mak ရဲ့အချစ်က ပိုပြီး ” အခရာ “ကျတယ် ..
” ပိုပြီးအရေးပါအရာရောက်တယ် ” လို ့ကျွန်တော်ထင်တယ် ..
ဒါကြောင့်ပဲ ဇာတ်လမ်းနာမည်ကိုက Nak မဟုတ်ပဲ ” Pee Mak ” ဖြစ်နေတာပေါ့ ..
Pee Mak ကသာ Nak ကို တကယ်မချစ်ရင် သူတို ့ နှစ်ယောက်ကို ခွဲနေကြတဲ့ သူငယ်ချင်းလေးယောက်နဲ ့အတူ Pee Mak က ထွက်ပြေးမှာပေါ့ ..
သို ့တည်းမဟုတ် Pee Mak က Nak ကို ” သရဲမကြီး !!!!! ” လို ့အော်ပြီး Nak နဲ ့ဝေးရာကို ရှောင်ပြေးပုန်းရှောင်ဖို ့ကြိုးစားမှာပေါ့ .. အဲ့လိုသာဆို အဲ့ဇာတ်လမ်းထဲမှာ Pee Mak က Nak ကိုရှောင်ပြေးရင်း Nak တစ်ယောက်က အချစ်ရူးမကြီးဖြစ်ပြီး သူ ့ကို တကယ်မချစ်တဲ့ Pee Mak ကို လိုက်ပြီး သတ်ဖြတ်လုုပ်ကြံဖို ့ကြိုးစားရင်းနဲ ့ တကယ့်ကြောက်စရာသရဲကား Drama အသည်းနာစရာ အလွမ်းအဆွေးဇာတ်ကားကြီးဖြစ်သွားမှာပေါ့ .. အလိုလိုနေရင်း Nak တစ်ယောက်ကလည်း လူတွေအမြင်မှာ သရဲမကြီး အပြင် လူဆိုးမကြီး ဖြစ်သွားမှာပေါ့ ..
ဒါဆိုရင် အဲ့လိုဇာတ်လမ်းကြီးကိုလူတွေကြိုက်ပါ့မလား ???
ပရိတ်သတ်ကို ဆွဲဆောင်နိုင်တဲ့ပြကွက်တွေ ဖြစ်ပါ့ဦးမလား ???
သေချာကြည့်ရင် ဇာတ်လမ်းထဲမှာက ဇာတ်လမ်းတစ်ဝက်နားလောက်ထိကို
Nak က ” Pee Mak သူ ့ကို တကယ်ချစ်ရဲ့လား ” ဆိုတဲ့ သင်္ကာမကင်းမျက်လုံးလေးတွေနဲ ့ကြည့်နေခဲ့တာလေ …
တကယ့်ဇာတ်လမ်းထဲမှာကတော့ Pee Mak ရဲ့ အချစ်ကို ဖော်ကျူးပြီး ..
Pee Mak က ..
” သရဲတော့ကြောက်ပေမယ့် Nak မရှိမှာကို ပိုကြောက်တယ် “..
” Nak သေသွားရင် Pee Mak လည်း မနေနိုင်ဘူး .. သူလည်းလိုက်သေမယ် ” ..
” Nak က သရဲမ မှန်းသိပေမယ့်လည်း
အရသာမရှိတဲ့သစ်ရွက်ခြောက်တွေကို ကြိတ်မှိတ်မြိုသိပ်စားသောက်ရင်း Nak အနားမှာ အမြဲရှိနေမယ် “
ဆိုတဲ့ အချစ်စစ်ကိုဖော်ကြူးတဲ့ ပြကွက်တွေကြောင့်သာ ဇာတ်လမ်းကြည့်ရှုသူပရိတ်သတ်အပေါင်းကို ဇာတ်ကားတစ်ကားလုံးရဲ့ ဟိုးအထွဍ်အထိပ်ဆီကို ခေါ်ဆောင်သွားနိုင်တာပါ .. ဇာတ်လမ်းရဲ့ဆိုလိုရင်းက
” အချစ်စစ်သာစစ်မှန်ရင် ဘယ်သူတွေက ဘယ်လိုပဲ ချစ်သူနှစ်ဦးကို ဝေးကွာအောင်ခွဲနေပါစေ .. ကာယကံရှင်နှစ်ဦးလုံးရဲ့ အချစ်ကသာ စစ်မှန်ခဲ့ရင် ပေါင်းစပ်ဆုံဆည်းနိုင်တယ်ဆိုတာပါပဲ ” ..
Pee Mak က ချစ်တတ်လွန်းလို ့ Nak က မချစ်တတ်ပါဘူး .. မချစ်ဘူးလို ့လည်း မဆိုလိုဘူးနော် .. နောက်ဆုံး Nak ကို သရဲမကြီးမှန်း အားလုံးသိသွားပြီး Pee Mak ကို သူတို ့နဲ ့အတူ ရှောင်ပြေးဖို ့တိုက်တွန်းနေတဲ့ သူငယ်ချင်းလေးယောက်ရဲ့ စကားကိုနားမထောင်ပဲ .. လိုက်မသွားပဲ .. ထွက်မပြေးပဲ ငိုနေတဲ့ Pee Mak ရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို
” Nak ” က ဇောက်ထိုးကြီးမှာတောင် သူ ့ရဲ့ လက်အရှည်ကြီးနဲ ့ Pee Mak ရဲ့ မျက်ရည်တွေကို သုတ်ပေးခဲ့တယ် မဟုတ်ပါလား ???
ကျွန်တော်ကတော့ ယုံကြည်တယ် .. Pee Mak ကြည့်ပြီး ရယ်တဲ့သူထက် ငိုတဲ့သူက ပိုများမယ်ဆိုတာ ..
တကယ်တော့ Pee Mak ဇာတ်လမ်းက လူတွေခေါင်းစဉ်တပ်သလို
” အဲ့သရဲကား အရမ်းရယ်ရတယ် သွားကြည့်ပါလား ??? “ဆိုပြီး ပြောတာမျိုးဟာ
” အဲ့ဒီအချစ်ကားလေး အရမ်းကောင်းတယ် သွားကြည့်ပါ့လား ” လို ့ပြောတာထက်စာရင် ဟာသဆိုတာကို နာမည်ခံသုံးပြီး အချစ်ကားလို ့မပြောချင်တဲ့လူတွေကသာ ဟာသကားလို ့ပြောကြတာထင်တာပဲ .. တကယ်တော့ Pee Mak ကားထဲက ဟာသပြကွက်တွေဆိုတာ ရင်ထဲစွဲကျန်လောက်အောင်ဘာမှမဟုတ်ပါဘူး .. အခုပြန်တွေးကြည့်ရင် ပြန်ပြီးမြင်ယောင်နေမိတာကတော့ ဟာသပြကွက်တွေထက် အချစ်နဲ ့ပတ်သတ်တဲ့ပြကွက်နဲ ့စကားလုံးတွေပိုများမှာပါ ..
ဟာသဆိုတာက ဒီဇာတ်ကားမှာ ” နှမ်းဖြူးတယ် ” ဆိုရုံလောက်လေးလို ့ပဲ ပြောရမလား ?
ဒီဇာတ်ကားရဲ့ တကယ့်အနှစ်သာရ အချစ်လောက်အရေးမပါတဲ့ပြကွက်တွေလို ့ပဲ ပြောရမလား ? ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ဖူးသူတိုင်း ဇာတ်လမ်းကို ပြန်မြင်ယောင်တောင့်တကြည့်တာနဲ ့တင်သိနိုင်ပါတယ် ..
ကျွန်တော်ကတော့ ပရိတ်သတ်များကို ညွှန်းချင်တယ်ဗျာ ..
Pee Mak ဇာတ်ကားမကြည့်ဖူးသေးတဲ့သူများ .. အခုထိမကြည့်ရသေးတဲ့သူများရှိခဲ့ရင်
Pee Mak ဆိုတဲ့ ***** အချစ်ဇာတ်ကားလေး ***** ကို ကြည့်ဖြစ်အောင် သွားကြည့်ကြပါလား ???
Pee Mak ရေ !!! Congratulation ပါ ..
မင်းရဲ့ အချစ်တွေအတွက် ဂုဏ်ယူပါတယ် ..
အခုတော့ မင်းဟာ အချစ်နဲ ့အတူ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေပြီ ..
ဒီနေ ့ခေတ်ကြီးထဲမှာ မြေကွက်တွေထက်တောင် ပိုပြီး စျေးတက်နေတဲ ့ .. ရွှေထက်တောင်ပိုရှားပါးပြီး တန်ဖိုးရှိနေတဲ့ အချစ်စစ် ဆိုတဲ့အရာကို Pee Mak ရဲ့ ရင်ထဲကနေ ကိုယ်နဲ ့ထိုက်တန်စွာ ပေးဆပ်ရင်း ရခဲ့တဲ့ Nak ရဲ့ ဘဝကလည်း ပျော်ရွှင်စရာပဲမဟုတ်လား ???
ဒီ Status လေးကို ဖတ်ရှုသူများနဲ ့” like ” ” comment ” &
” share ” ပြုလုပ်သူများအားလုံးလည်း Pee Mak နဲ ့ Nak ရဲ့ အချစ်စစ်လို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ ့ ကိုယ်ချစ်၊သူချစ် အပြန်အလှန် သစ္စာ၊မေတ္တာ၊အကြင်နာနွေးထွေးမှုအပြည့်ရှိတဲ့ အချစ်ရေးကံကောင်းတဲ့ချစ်သူစုံတွဲလေးများဖြစ်ကြပြီးတော့
ကိုယ်တကယ်ချစ်တဲ့ ၊ ကိုယ့်ကိုတကယ်ချစ်တဲ့ချစ်သူနဲ ့အတူ အမြဲတမ်း ထာဝစဉ် ၊ ထာဝရ မခွဲမခွာ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်နိုင်ကြပါစေလိုု ့ ကျွန်တော် Rကာမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
(ရုပ်ရှင်အညွှန်းကို R Ker’s FB Page မှကူးယူဖော်ပြပါသည်။)