What's happening?

Video Sources 481 Views Report Error

  • Watch trailer
The Battleship Island

The Battleship Island

1945 Hashima. We called it hell on earth.Jul. 26, 2017South Korea132 Min.n/A
Your rating: 0
10 1 vote
ADS
ADS

Synopsis

7.1/10IMDb

6.5/10FilmAffinity

67%Rotten Tomatoes

89% liked this film

Google users

(Zawgyi)

ဂ်ပန္ကုိလုိနီေခတ္အေတာ္အတြင္းက စစ္သေဘၤာကၽြန္းက လြတ္ေျမာက္ဖုိ႕ ၾကဳိးစားၾကတဲ့ ကုိရီးယားအလုပ္သမား ၄၀၀ အေၾကာင္း…

(Unicode)

ဂျပန်ကိုလိုနီခေတ်အတော်အတွင်းက စစ်သင်္ဘောကျွန်းက လွတ်မြောက်ဖို့ ကြိုးစားကြတဲ့ ကိုရီးယားအလုပ်သမား ၄၀၀ အကြောင်း…

Release date: 2017 (South Korea)

Director: Ryoo Seung-wan

Music by: Bang Jun-seok

Box office: US$47.3 million

Cinematography: Lee Mo-gae

Production company: Filmmaker R & K

Cast

Song Joong ki=Park Moo Young

So Ji sub=Choi Chil sung

Hwang Jung min=Lee Kang ok

Kim Su an=So hee

(UNICODE)

ကိုရီးယားရဲ့ စံချိန်တင် ဝင်ငွေချိုးခဲ့သလို အကောင်းဆုံးဇာတ်ကားအနေနဲ့လည်း မှတ်တမ်းတင်ခံထားရတဲ့ဇာတ်ကားလေးပါ။ မင်းသားကြီးတွေဖြစ်တဲ့  Hwang Jung Min, So Ji sub တိုနဲ့အတူ Song Joong Ki အဓိကပါဝင်ထားပြီး မင်းသမီး Lee Jung Jyunတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

မင်းသားတွေကြောင့် နာမည်ကျော်တာမဟုတ်ဘဲ ဇာတ်ဆောင်အားလုံး  ဒီဇာတ်ကားကို အနောက်နိုင်ငံ ဈေးကွက်အထိပါ ဖြန့်ချီနိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၃ နိုင်ငံမှာ ရုံတင်ပြသတဲ့အထိကို အောင်မြင်ခဲ့တဲ့ ကိုးရီးယား ဇာတ်ကားကောင်း။ ဘတ်ဂျတ် USD ၂၁ သိန်းအထိ အသုံးပြု ရိုက်ကူးခဲ့ပြီး ပထမဆုံးရုံတင်ရက် ၅ ရက်အတွင်းကို အရင်းကျေခဲ့တဲ့ကားလေးပါ။  ဒီဇာတ်လမ်းကို ဟိုး ၁၉၄၅ ကိုလိုနီခေတ် ကိုးရီးယား ဂျပန်လက်အောက်ကို ကျရောက်စဉ်အခါက ဖြစ်ရပ်မှန်လေးတစ်ခုပေါ် အခြေတည်ပြီး ရိုက်ကူးထားပါတယ်။

          အဲဒါကတော့ Battleship Island လို့ခေါ်တဲ့ ကျွန်းလေးတစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးပါ။ အရင်ဦးဆုံး Battleship Island အကြောင်းလေး ပြောပြချင်ပါတယ်။ Battleship ဆိုတဲ့အတိုင်း ကျွန်းပုံစံက စစ်သင်္ဘောတစ်စင်းလို ပုံစံမျိုး တည်ရှိပါတယ်။ သူရဲ့အဓိက အချက်ကတော့ ပင်လယ်ရေအောက် ကျောက်မီးသွေးထွက်တဲ့ ကျွန်းလေးပါ။ ဒီကျွန်းဟာ ဂျပန်နိုင်ငံ စက်မှုတော်လှန်ရေးအတွက် အဓိကအရေးပါ အရောက်တဲ့နေရာက ပါဝင်ခဲ့သလို ကိုးရီးယားအလုပ်သမားတွေကို မတရားညှင်းပန်းနှိပ်စက်ခဲ့လို့ ဂျပန်တွေအတွက် သမိုင်းဝင် အမဲစက်တစ်ခုဆိုရင်လည်း မမှားပါဘူး။

အဲဒီကျွန်းမှာ အဓိက ကျောက်မီးသွေးတူးဖော်တာကို Mitsubishi ကုမ္ပဏီက အဓိကလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒီကျွန်းရဲ့ နောက်ထပ် ထူးခြားချက်ကတော့ ကျောက်မီးသွေးထုတ်တော့ ကျွန်းနဲ့မမျှအောင် လူနေထူထပ်ပါတယ်။ ဒါကြောင့် အဲဒီခေတ်ကတည်းကို ကျွန်းပေါ်မှာ  အဲဒီကျွန်းကထွက်တဲ့ အုတ်နဲ့ပြန်ဆောက်တဲ့ အထပ်မြင့်တိုက်ခန်းတွေ အရင်ခေတ်ကတည်းကရှိနေခဲ့ပြီး ကမ္ဘာ့လူနေအထူထပ်ဆုံးနေရာဖြစ်ခဲ့ဖူးပါတယ်။

နောက်ပိုင်း ကျောက်မီးသွေးအထွက်နှုန်းလည်းကျပြီး မုန်တိုင်းဒဏ်ကြောင့် လူမနေတော့တဲ့ကျွန်းဖြစ်သွားပါတယ်။ အဲဒီကျောက်မီးသွေးတွင်း အလုပ်သမားနေခဲ့တဲ့ နေရာကြောင့်လည်း ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ UNSCO အသိအမှတ်ပြုနေရာလေးပါ။          ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီကျွန်းပေါ်မှာ ပင်လယ်ကြမ်းပြင်အောက်ကိုဖောက်ပြီး ကျောက်မီးသွေးတွင်းတူးတဲ့ မိုင်းတွင်းလုပ်ငန်းတွေရှိပါတယ်။

ဒီအလုပ်တွေ ပင်ပန်းဆင်းရဲခက်ခဲတာမို့ ဂျပန်တွေက ကိုးရီးယားအလုပ်သမားတွေကို လိမ်ညာခေါ်ပြီး အတင်းအကြပ်ကျွန်ပြု ခိုင်းစေခဲ့ကြပါတယ်။ ကိုးရီးယားတွေရဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူခေါင်းဆောင်တစ်ဦး ရှိပေမယ့်တစ်ဖက်လှည့်နဲ့သူက  ဂျပန်တွေဖက်ပါပြီး စည်းရုံးသိမ်းသွင်းထားတာကြောင့် ဒီအခက်အခဲက ရုန်းမထွက်နိုင်ခဲ့ကြဘူး။ ကိုးရီးယားလွတ်မြောက်ရေးတပ်မတော်က ပက်မူယောင်း (ဆောင်းဂျွန်ဂီ) ဒီကို တမင်တကာလာရောက်ပြီး ကယ်ထုတ်ပေးတဲ့ ဇာတ်လမ်းလေးပါ။

အစကတော့ ဆောင်းဂျွန်ဂီကြောင့် ဒီဇာတ်ကားကိုကြည့်ဖြစ်တာဖြစ်ပေမယ့် တကယ်တမ်း ဇာတ်ဆောင်အားလုံးကောင်းနေပြီး ရိုက်ကူးရိုက်ကွက် စက်တင် အလင်းအမှောင် ဇာတ်လမ်းသွား ဘာမှပြောစရာမရှိအောင် ရိုက်ကူးထားတာမို့ အတော်လေး သဘောကျမိတဲ့ကားလေးပါ။ ဒီဇာတ်လမ်းမှာ အဓိက သင်ခန်းစာယူတတ်ဖို့ကတော့ မျက်စိဖွင့် နားဖွင့်ရှိပြီး အမြင်ကျယ်တယ်ဖို့လိုတယ်။ စွန့်လွှတ်အနစ်နာခံခြင်း နှင့် စုပေါင်းညီညွှတ်မှု ရှိမှ အောင်မြင်နိုင်မှာပါ။

(ZAWGYI)

ကိုရီးယားရဲ့ စံခ်ိန္တင္ ဝင္ေငြခ်ိဳးခဲ့သလို အေကာင္းဆုံးဇာတ္ကားအေနနဲ႔လည္း မွတ္တမ္းတင္ခံထားရတဲ့ဇာတ္ကားေလးပါ။ မင္းသားႀကီးေတြျဖစ္တဲ့  Hwang Jung Min, So Ji sub တိုနဲ႔အတူ Song Joong Ki အဓိကပါဝင္ထားၿပီး မင္းသမီး Lee Jung Jyunတို႔ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

မင္းသားေတြေၾကာင့္ နာမည္ေက်ာ္တာမဟုတ္ဘဲ ဇာတ္ေဆာင္အားလုံး  ဒီဇာတ္ကားကို အေနာက္နိုင္ငံ ေဈးကြက္အထိပါ ျဖန႔္ခ်ီနိုင္ခဲ့ၿပီး နိုင္ငံေပါင္း ၁၀၃ နိုင္ငံမွာ ႐ုံတင္ျပသတဲ့အထိကို ေအာင္ျမင္ခဲ့တဲ့ ကိုးရီးယား ဇာတ္ကားေကာင္း။ ဘတ္ဂ်တ္ USD ၂၁ သိန္းအထိ အသုံးျပဳ ရိုက္ကူးခဲ့ၿပီး ပထမဆုံး႐ုံတင္ရက္ ၅ ရက္အတြင္းကို အရင္းေက်ခဲ့တဲ့ကားေလးပါ။  ဒီဇာတ္လမ္းကို ဟိုး ၁၉၄၅ ကိုလိုနီေခတ္ ကိုးရီးယား ဂ်ပန္လက္ေအာက္ကို က်ေရာက္စဥ္အခါက ျဖစ္ရပ္မွန္ေလးတစ္ခုေပၚ အေျခတည္ၿပီး ရိုက္ကူးထားပါတယ္။

          အဲဒါကေတာ့ Battleship Island လို႔ေခၚတဲ့ ကၽြန္းေလးတစ္ခုမွာ ျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္ေလးပါ။ အရင္ဦးဆုံး Battleship Island အေၾကာင္းေလး ေျပာျပခ်င္ပါတယ္။ Battleship ဆိုတဲ့အတိုင္း ကၽြန္းပုံစံက စစ္သေဘၤာတစ္စင္းလို ပုံစံမ်ိဳး တည္ရွိပါတယ္။ သူရဲ့အဓိက အခ်က္ကေတာ့ ပင္လယ္ေရေအာက္ ေက်ာက္မီးေသြးထြက္တဲ့ ကၽြန္းေလးပါ။ ဒီကၽြန္းဟာ ဂ်ပန္နိုင္ငံ စက္မႈေတာ္လွန္ေရးအတြက္ အဓိကအေရးပါ အေရာက္တဲ့ေနရာက ပါဝင္ခဲ့သလို ကိုးရီးယားအလုပ္သမားေတြကို မတရားညႇင္းပန္းႏွိပ္စက္ခဲ့လို႔ ဂ်ပန္ေတြအတြက္ သမိုင္းဝင္ အမဲစက္တစ္ခုဆိုရင္လည္း မမွားပါဘူး။

အဲဒီကၽြန္းမွာ အဓိက ေက်ာက္မီးေသြးတူးေဖာ္တာကို Mitsubishi ကုမၸဏီက အဓိကလုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။ ဒီကၽြန္းရဲ့ ေနာက္ထပ္ ထူးျခားခ်က္ကေတာ့ ေက်ာက္မီးေသြးထုတ္ေတာ့ ကၽြန္းနဲ႔မမၽွေအာင္ လူေနထူထပ္ပါတယ္။ ဒါေၾကာင့္ အဲဒီေခတ္ကတည္းကို ကၽြန္းေပၚမွာ  အဲဒီကၽြန္းကထြက္တဲ့ အုတ္နဲ႔ျပန္ေဆာက္တဲ့ အထပ္ျမင့္တိုက္ခန္းေတြ အရင္ေခတ္ကတည္းကရွိေနခဲ့ၿပီး ကမၻာ့လူေနအထူထပ္ဆုံးေနရာျဖစ္ခဲ့ဖူးပါတယ္။

ေနာက္ပိုင္း ေက်ာက္မီးေသြးအထြက္ႏႈန္းလည္းက်ၿပီး မုန္တိုင္းဒဏ္ေၾကာင့္ လူမေနေတာ့တဲ့ကၽြန္းျဖစ္သြားပါတယ္။ အဲဒီေက်ာက္မီးေသြးတြင္း အလုပ္သမားေနခဲ့တဲ့ ေနရာေၾကာင့္လည္း ကမၻာ့လွည့္ခရီးသြားေတြကို ဆြဲေဆာင္ေနတဲ့ UNSCO အသိအမွတ္ျပဳေနရာေလးပါ။          ဇာတ္လမ္းအက်ဥ္းေလးကေတာ့ ဒီကၽြန္းေပၚမွာ ပင္လယ္ၾကမ္းျပင္ေအာက္ကိုေဖာက္ၿပီး ေက်ာက္မီးေသြးတြင္းတူးတဲ့ မိုင္းတြင္းလုပ္ငန္းေတြရွိပါတယ္။

ဒီအလုပ္ေတြ ပင္ပန္းဆင္းရဲခက္ခဲတာမို႔ ဂ်ပန္ေတြက ကိုးရီးယားအလုပ္သမားေတြကို လိမ္ညာေခၚၿပီး အတင္းအၾကပ္ကၽြန္ျပဳ ခိုင္းေစခဲ့ၾကပါတယ္။ ကိုးရီးယားေတြရဲ့ နိုင္ငံေရး တက္ႂကြလႈပ္ရွားသူေခါင္းေဆာင္တစ္ဦး ရွိေပမယ့္တစ္ဖက္လွည့္နဲ႔သူက  ဂ်ပန္ေတြဖက္ပါၿပီး စည္း႐ုံးသိမ္းသြင္းထားတာေၾကာင့္ ဒီအခက္အခဲက ႐ုန္းမထြက္နိုင္ခဲ့ၾကဘူး။ ကိုးရီးယားလြတ္ေျမာက္ေရးတပ္မေတာ္က ပက္မူေယာင္း (ေဆာင္းဂၽြန္ဂီ) ဒီကို တမင္တကာလာေရာက္ၿပီး ကယ္ထုတ္ေပးတဲ့ ဇာတ္လမ္းေလးပါ။

အစကေတာ့ ေဆာင္းဂၽြန္ဂီေၾကာင့္ ဒီဇာတ္ကားကိုၾကည့္ျဖစ္တာျဖစ္ေပမယ့္ တကယ္တမ္း ဇာတ္ေဆာင္အားလုံးေကာင္းေနၿပီး ရိုက္ကူးရိုက္ကြက္ စက္တင္ အလင္းအေမွာင္ ဇာတ္လမ္းသြား ဘာမွေျပာစရာမရွိေအာင္ ရိုက္ကူးထားတာမို႔ အေတာ္ေလး သေဘာက်မိတဲ့ကားေလးပါ။ ဒီဇာတ္လမ္းမွာ အဓိက သင္ခန္းစာယူတတ္ဖို႔ကေတာ့ မ်က္စိဖြင့္ နားဖြင့္ရွိၿပီး အျမင္က်ယ္တယ္ဖို႔လိုတယ္။ စြန႔္လႊတ္အနစ္နာခံျခင္း ႏွင့္ စုေပါင္းညီညႊတ္မႈ ရွိမွ ေအာင္ျမင္နိုင္မွာပါ။

The Battleship Island
The Battleship Island
The Battleship Island
The Battleship Island
The Battleship Island
The Battleship Island
Original title 군함도
IMDb Rating 7.1 6,869 votes
TMDb Rating 7.2 187 votes

Director

Cast

Hwang Jung-min isLee Kang-ok
Lee Kang-ok
So Ji-sub isChoi Chil-sung
Choi Chil-sung
Song Joong-ki isPark Moo-young
Park Moo-young
Lee Jung-hyun isOh Mal-nyeon
Oh Mal-nyeon
Kim Su-an isLee So-hee
Lee So-hee
Lee Kyung-young isYoon Hak-chul
Yoon Hak-chul
Kim In-woo isDaisuke Shimazaki
Daisuke Shimazaki
Kim Min-jae isSong Jong-goo
Song Jong-goo
Shin Seung-hwan isKo Choong-Ho
Ko Choong-Ho

Similar titles

Girgitle
Naked Weapon
12 Years a Slave
Coolie
The Furies
Pyari Behna
The Matrix
Be My Slave
Beat
Black Rain: Chronicles of Evil
Knock Off
After the Storm

Leave a comment

Name *
Add a display name
Email *
Your email address will not be published