
(Zawgyi)
ဒါရိုက္တာ Frank Darabont ရိုက္ကူးၿပီး မင္းသားၾကီး Tom Hanks ပါ၀င္ရိုက္ကူးခဲ႕တဲ႕ The Green Mile
ဇာတ္ကားဟာ ၁၉၉၉ ခုႏွစ္မွာ ထြက္ရွိခဲ႕ၿပီး ေအာ္စကာ ေလးဆု ရရွိခဲ႕ပါတယ္..IMDb Rating ကလည္း
8.5 ရရွိထားခဲ႕ၿပီး Rotten Tomatoes 80% ရရွိခဲ႕ပါတယ္..ၾကည္႕မိတာနဲ႕ထိုင္ရာက မထပဲနဲ႕ေတာက္ေလွ်ာက္ၾကည္႕ခ်င္ေနမယ္႕ကားမ်ိဳးၿဖစ္ပါတယ္..Movie အညႊန္းေလးကိုဆက္သြားၾကရေအာင္
အက်ဥ္းေထာင္အရာရွိ ေပါလ္အျဖစ္ တြမ္ဟင့္က သရုပ္ေဆာင္ထားၿပီး သူက ေသမိန္႔ခ်ခံရတဲ့ အက်ဥ္းသားေတြ ထားရွိရာ ေထာင္ရဲ႕ အရာရွိ တစ္ဦး ျဖစ္ပါတယ္။ John Coffey အျဖစ္
Michael Clarke Duncan က သရုပ္ေဆာင္ထားၿပီး သူက လူမမည္ မိန္းကေလး ႏွစ္ေယာက္ကို မုဒိန္းက်င့္ သတ္ျဖတ္လို႔ ေသမိန္႕က်ဖို႔ အက်ဥ္းေထာင္ကို ေရာက္လာခဲ့တာ ျဖစ္ပါတယ္။
အဲလုိအမႈနဲ႔ ေရာက္လာေပမယ့္လည္း လူႈဘီလူးႀကီးအရြယ္ရွိတဲ့ ဂြၽန္ေကာ္ေဖးက အေမွာင္ကို ေၾကာက္တတ္သူ စိတ္အားငယ္တတ္သူ ျဖစ္ပါတယ္။သူ႕မွာ စိတ္စြမ္းအင္ တစ္မ်ိဳး ရွိတာကို တြမ္ဟင့္က သတိထားမိသြားပါ တယ္။ ေနာက္ၿပီး ဂြၽန္ေကာ္ေဖးဟာ စိတ္ေကာင္းရွိတယ္ဆုိတာလည္း သတိထားမိတယ္။
သူဟာ အဲလိုသတ္တဲ့သူ မျဖစ္ႏုိင္ဘူးလို႔ ထင္တယ္။ အမွန္တကယ္ ဂြၽန္က
သတ္ျဖတ္ခဲ့သူ မဟုတ္ခဲ့ဘူး။ မွားယြင္း စြပ္စြဲခံသူ တစ္ဦးပါ။
ေပါလ္ရဲ႕ ေရာဂါကို ဂြၽန္ေကာ္ေဖးက စိတ္စြမ္းအင္ နဲ႔ ကုသေပးခဲ့လလို
ဂြၽန္ေကာ္ေဖးရဲ႕ စိတ္စြမ္းအင္နဲ႔ ေပါလ္ဟာ သူ႕အထက္အရာရွိရဲ႕ဇနီးျဖစ္သူရဲ႕
ေရာဂါကို ပါ ကုသေပးခဲ့ပါတယ္။ဂြၽန္ဟာ စိတ္စြမ္းအင္နဲ႔ ေရာဂါေတြ၊
ဒဏ္ရာရသြားတဲ့ မစၥတာဂ်န္ဂယ္ဆိုတဲ့ ၾကြက္ကေလးကိုလည္း ေပ်ာက္ေအာင္ကုသေပးႏိုင္ခဲ့သလို အနီး နား၀န္းက်င္က ျဖစ္ရပ္ဆိုးေတြ၊ ျဖစ္လာမယ့္အရာေတြကုိ ႀကိဳတင္သိရွိသူပါ။ ဂြၽန္ေျပာတဲ့စကားေတြထဲမွာ အႀကိဳက္ဆံုး စကားကေတာ့ ” I am sorry what I am”ပါ။
လွ်ပ္စစ္ကုလားထိုင္မွာ ထိုင္ရင္း ေျပာသြားတဲ့ သူ႕ရဲ ေနာက္ဆံုး စကားပါ။
ဂၽြန္မွာ အျပစ္မရွိဘူးဆိုတာ သိတဲ့အတြက္ ေပါလ္တစ္ေယာက္ ဂၽြန္ကို ေထာင္က ေျပးမလားေမးခဲ့ပါတယ္။သူတာ၀န္ယူၿပီး ကူညီေပးမယ့္သေဘာပါပဲ။ ဂၽြန္က ေပါလ္ ဒုကၡၿဖစ္မယ္႕ အႀကံအစည္ကို လက္မခံခဲ့ပါဘူး။ ေသမိန္႔ေပးတဲ့ လွ်ပ္စစ္ကုလားထုိင္ကိုပဲ ေရြးခ်ယ္ခဲ့တာပါ။
ဒီဇာတ္ကားတစ္ကားလံုးက သရုပ္ေဆာင္ေတြ အားလံုးဟာ အပိုအလုိမရွိ
သရုပ္ေဆာင္သြားတာ ေတာ့ အႀကိဳက္ဆံုးပါပဲ။
ဗီလိန္ဇာတ္ရုပ္နဲ႔ သရုပ္ေဆာင္သြားတဲ့ ပါစီရဲ႕ အမူအရာကို အႀကိဳက္ဆံုးပါပဲ။
ပါစီက သူတစ္ပါးကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္လုပ္မွ စိတ္ခ်မ္းသာသူတစ္ေယာက္ပါ။ တြမ္ဟင့္ရဲ႕ သူငယ္ခ်င္း အျဖစ္ သရုပ္ေဆာင္တဲ့ မင္းသားလည္း အမူအရာ ပီျပင္ပါတယ္။
အမွန္တကယ္ကို လူမည္ကေလးမ ၂ ေယာက္ကို မုဒိန္းက်င့္ သတ္ျဖတ္သူလည္း ျဖစ္၊ အျခားေသာ လူသတ္မႈေတြလည္း ဆက္တုိက္ က်ဴးလြန္ခဲ့သူလည္း အျဖစ္ သရုပ္ေဆာင္သြားသူလည္း အမူအရာ ေကာင္းပါတယ္
(Unicode)
ဒါရိုက်တာ Frank Darabont ရိုက်ကူးပြီး မင်းသားကြီး Tom Hanks ပါဝင်ရိုက်ကူးခဲ့တဲ့ The Green Mile
ဇာတ်ကားဟာ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အော်စကာ လေးဆု ရရှိခဲ့ပါတယ်..IMDb Rating ကလည်း
8.5 ရရှိထားခဲ့ပြီး Rotten Tomatoes 80% ရရှိခဲ့ပါတယ်..ကြည့်မိတာနဲ့ထိုင်ရာက မထပဲနဲ့တောက်လျှောက်ကြည့်ချင်နေမယ့်ကားမျိုးဖြစ်ပါတယ်..Movie အညွှန်းလေးကိုဆက်သွားကြရအောင်
အကျဉ်းထောင်အရာရှိ ပေါလ်အဖြစ် တွမ်ဟင့်က သရုပ်ဆောင်ထားပြီး သူက သေမိန့်ချခံရတဲ့ အကျဉ်းသားတွေ ထားရှိရာ ထောင်ရဲ့ အရာရှိ တစ်ဦး ဖြစ်ပါတယ်။ John Coffey အဖြစ်
Michael Clarke Duncan က သရုပ်ဆောင်ထားပြီး သူက လူမမည် မိန်းကလေး နှစ်ယောက်ကို မုဒိန်းကျင့် သတ်ဖြတ်လို့ သေမိန့်ကျဖို့ အကျဉ်းထောင်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အဲလိုအမှုနဲ့ ရောက်လာပေမယ့်လည်း လူှုဘီလူးကြီးအရွယ်ရှိတဲ့ ဂျွန်ကော်ဖေးက အမှောင်ကို ကြောက်တတ်သူ စိတ်အားငယ်တတ်သူ ဖြစ်ပါတယ်။သူ့မှာ စိတ်စွမ်းအင် တစ်မျိုး ရှိတာကို တွမ်ဟင့်က သတိထားမိသွားပါ တယ်။ နောက်ပြီး ဂျွန်ကော်ဖေးဟာ စိတ်ကောင်းရှိတယ်ဆိုတာလည်း သတိထားမိတယ်။
သူဟာ အဲလိုသတ်တဲ့သူ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ အမှန်တကယ် ဂျွန်က
သတ်ဖြတ်ခဲ့သူ မဟုတ်ခဲ့ဘူး။ မှားယွင်း စွပ်စွဲခံသူ တစ်ဦးပါ။
ပေါလ်ရဲ့ ရောဂါကို ဂျွန်ကော်ဖေးက စိတ်စွမ်းအင် နဲ့ ကုသပေးခဲ့လလို
ဂျွန်ကော်ဖေးရဲ့ စိတ်စွမ်းအင်နဲ့ ပေါလ်ဟာ သူ့အထက်အရာရှိရဲ့ဇနီးဖြစ်သူရဲ့
ရောဂါကို ပါ ကုသပေးခဲ့ပါတယ်။ဂျွန်ဟာ စိတ်စွမ်းအင်နဲ့ ရောဂါတွေ၊
ဒဏ်ရာရသွားတဲ့ မစ္စတာဂျန်ဂယ်ဆိုတဲ့ ကြွက်ကလေးကိုလည်း ပျောက်အောင်ကုသပေးနိုင်ခဲ့သလို အနီး နားဝန်းကျင်က ဖြစ်ရပ်ဆိုးတွေ၊ ဖြစ်လာမယ့်အရာတွေကို ကြိုတင်သိရှိသူပါ။ ဂျွန်ပြောတဲ့စကားတွေထဲမှာ အကြိုက်ဆုံး စကားကတော့ ” I am sorry what I am”ပါ။
လျှပ်စစ်ကုလားထိုင်မှာ ထိုင်ရင်း ပြောသွားတဲ့ သူ့ရဲ နောက်ဆုံး စကားပါ။
ဂျွန်မှာ အပြစ်မရှိဘူးဆိုတာ သိတဲ့အတွက် ပေါလ်တစ်ယောက် ဂျွန်ကို ထောင်က ပြေးမလားမေးခဲ့ပါတယ်။သူတာဝန်ယူပြီး ကူညီပေးမယ့်သဘောပါပဲ။ ဂျွန်က ပေါလ် ဒုက္ခဖြစ်မယ့် အကြံအစည်ကို လက်မခံခဲ့ပါဘူး။ သေမိန့်ပေးတဲ့ လျှပ်စစ်ကုလားထိုင်ကိုပဲ ရွေးချယ်ခဲ့တာပါ။
ဒီဇာတ်ကားတစ်ကားလုံးက သရုပ်ဆောင်တွေ အားလုံးဟာ အပိုအလိုမရှိ
သရုပ်ဆောင်သွားတာ တော့ အကြိုက်ဆုံးပါပဲ။
ဗီလိန်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်သွားတဲ့ ပါစီရဲ့ အမူအရာကို အကြိုက်ဆုံးပါပဲ။
ပါစီက သူတစ်ပါးကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မှ စိတ်ချမ်းသာသူတစ်ယောက်ပါ။ တွမ်ဟင့်ရဲ့ သူငယ်ချင်း အဖြစ် သရုပ်ဆောင်တဲ့ မင်းသားလည်း အမူအရာ ပီပြင်ပါတယ်။
အမှန်တကယ်ကို လူမည်ကလေးမ ၂ ယောက်ကို မုဒိန်းကျင့် သတ်ဖြတ်သူလည်း ဖြစ်၊ အခြားသော လူသတ်မှုတွေလည်း ဆက်တိုက် ကျူးလွန်ခဲ့သူလည်း အဖြစ် သရုပ်ဆောင်သွားသူလည်း အမူအရာ ကောင်းပါတယ်