Full House

Full House

Jul. 14, 2004
Your rating: 0
10 1 vote
ADS
ADS

Creator

Creator

Cast

Rain isLee Yeong-jae
Lee Yeong-jae
Song Hye-kyo isHan Ji-eun
Han Ji-eun
Han Da-gam isKang Hye-won
Kang Hye-won
Kim Ji-young isYoung-jae's Grandmother
Young-jae's Grandmother
Do-han Kang isDong-wook
Dong-wook
Jang Yong isMr. Lee
Mr. Lee
Im Ye-jin isDae-pyo
Dae-pyo

Synopsis

(UNICODE)

လွန်ခဲ့တဲ့ ၁ဝနှစ်ဝန်းကျင်လောက်က “ချစ်စံအိမ်” ဇာတ်လမ်းတွဲကြည့်ဖို့

တီဗီရှေ့ အပြေးအလွှားနေရာယူခဲ့ဖူးတဲ့ 90’s kids တွေ လက်ညိုးထောင်!

ချစ်စံအိမ်လို့ပြောလိုက်ရင် Kdrama ချစ်သူ ကလေးလူကြီးအားလုံးရဲ့ အချစ်တော် ဟန်ဂျီအွန်း (မင်းသမီး ဆောင်းဟေကို) နဲ့ လီယောင်ဂျေး (သရုပ်ဆောင်/အဆိုတော် ရိန်း) စုံတွဲလေးကို

မျက်စိထဲပြေးမြင်မိကြမှာ အသေအချာပါပဲ။

ဆောင်းဟေကိုဆိုတာ ဆောင်းဦးရွက်ကြွေချစ်သက်သေဇာတ်ကားမှာ ပရိသတ်တွေ တစ်ရှူးအထပ်လိုက်ဆောင်ရတဲ့အထိ အွန်ဆောဇာတ်ရုပ်ကို တည်တည်ငြိမ်ငြိမ် လွမ်းလွမ်းဆေးဆေး သရုပ်ဆောင်ပြခဲ့သလောက် ချစ်စံအိမ်ဇာတ်ကားမှာတော့ သူမှဟုတ်ရဲ့လားလို့

ထင်ရလောက်အောင်ကို သွက်သွက်လက်လက် ချက်ချက်ခြာခြာ သရုပ်ဆောင်ပြရင်း

ရုပ်ရှင်ချစ်သူတွေရဲ့နှလုံးသားကို ကိုင်လှုပ်သွားခဲ့တာလေ။

ပြီးတော့ ရိန်းဆိုတာကလည်း မြန်မာပရိသတ်တွေရဲ့ရင်ထဲကို ချစ်စံအိမ်ဇာတ်ကားနဲ့ ပထမဆုံးတိုးဝင်လာခဲ့ပြီး ခုထက်ထိအောင် မွီးတို့ ခေးတို့ရဲ့ အားပေးမှုကို

အခိုင်အမာရထားတုန်းပဲ ဟုတ်။

ဒီတော့ အားလုံးနဲ့ရင်းနှီးပြီးသား ချစ်စံအိမ်ဇာတ်လမ်းတွဲလေးကို FOF က မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးတော့မှာမို့ ဇာတ်လမ်းမေ့နေသူတွေလည်း ပြန်သတိရလာအောင်၊ မကြည့်ဖူးသူတွေလည်း ဇာတ်လမ်းအကြောင်းလေး အကြမ်းဖျဉ်းသိသွားရအောင်

ပြန်အစဖော်ပေးမယ်နော်။

ဟန်ဂျီအွန်းဟာ သွက်လက်ထက်မြက်တဲ့ ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်ပြီး မိဘနှစ်ပါးဆီကနေ FULL HOUSE လို့ အမည်ပေးထားတဲ့ အိမ်ဂေဟာကြီးကို အမွေဆက်ခံရရှိထားသူပါ။

လီယောင်ဂျေးကတော့ ဆန်းပွင့်နေတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အတ္တကြီးသလောက် မိတ်ဆွေသူငယ်ချင်းတွေကို ဂရုစိုက်တတ်သူပါ။

တစ်နေ့မှာ ဂျီအွန်းရဲ့သူငယ်ချင်းနှစ်ယောက်က ငွေလိုချင်ဇောနဲ့ မလိမ့်တပတ်ဉာဏ်ဆင်ရင်း ဂျီအွန်းကို အပန်းဖြေခရီးလွှတ်လိုက်ပြီး FULL HOUSE အိမ်ကြီးကို ရောင်းပစ်ခဲ့ပါတယ်။

အဲဒီ့အချိန်မှာပဲ ကံဆိုးသူဂျီအွန်းတစ်ယောက် လေယာဉ်ပေါ်မှာ ယောင်ဂျေးနဲ့တွေ့ပြီး နောင်ဂျိန်ဇာတ်လမ်းလေးတွေ ညိလာခဲ့ပါတယ်။

ဖြစ်ချင်တော့ ခရီးကလည်းပြန်ရောက်ရော သူ့အိမ်ကို ယောင်ဂျေးဆီရောင်းပြီးသား ဖြစ်နေခဲ့တဲ့အတွက် ဒီအိမ်ကိုပြန်ဝယ်နိုင်ဖို့ ယောင်ဂျေးဆီမှာ အိမ်ဖော်ပြန်လုပ်ရတဲ့ဘဝ

ရောက်ရပါတော့တယ်။

ဒီလိုနဲ့ လုံးဝအကျင့်စရိုက်မတူတဲ့ သူတို့နှစ်ယောက် တစ်အိမ်ထဲ မတည့်အတူနေရင်း

ယောင်ဂျေးက သူ့ရဲ့ CRUSH ဟေးဝန်ကို မနာလိုအောင်လုပ်ဖို့ ဂျီအွန်းနဲ့ဟန်ဆောင်လက်ထပ်ဖို့ ဖြစ်လာတဲ့အခါ…..

ဆယ်လီမင်းသားနဲ့ အထည်ကြီးပျက် ဇာတ်ညွှန်းရေးဆရာမလေး ချစ်စံအိမ်ကြီးထဲ ဘယ်လိုတွေနှစ်ပါးသွားကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်….

Reviewed by ….May Myat Thu

(ZAWGYI)

လြန္ခဲ့တဲ့ ၁ဝႏွစ္ဝန္းက်င္ေလာက္က “ခ်စ္စံအိမ္” ဇာတ္လမ္းတြဲၾကည့္ဖို႔

တီဗီေရွ႕ အေျပးအလႊားေနရာယူခဲ့ဖူးတဲ့ 90’s kids ေတြ လက္ညိဳးေထာင္!

ခ်စ္စံအိမ္လို႔ေျပာလိုက္ရင္ Kdrama ခ်စ္သူ ကေလးလူႀကီးအားလုံးရဲ့ အခ်စ္ေတာ္ ဟန္ဂ်ီအြန္း (မင္းသမီး ေဆာင္းေဟကို) နဲ႔ လီေယာင္ေဂ်း (သ႐ုပ္ေဆာင္/အဆိုေတာ္ ရိန္း) စုံတြဲေလးကို

မ်က္စိထဲေျပးျမင္မိၾကမွာ အေသအခ်ာပါပဲ။

ေဆာင္းေဟကိုဆိုတာ ေဆာင္းဦးရြက္ေႂကြခ်စ္သက္ေသဇာတ္ကားမွာ ပရိသတ္ေတြ တစ္ရႉးအထပ္လိုက္ေဆာင္ရတဲ့အထိ အြန္ေဆာဇာတ္႐ုပ္ကို တည္တည္ၿငိမ္ၿငိမ္ လြမ္းလြမ္းေဆးေဆး သ႐ုပ္ေဆာင္ျပခဲ့သေလာက္ ခ်စ္စံအိမ္ဇာတ္ကားမွာေတာ့ သူမွဟုတ္ရဲ့လားလို႔

ထင္ရေလာက္ေအာင္ကို သြက္သြက္လက္လက္ ခ်က္ခ်က္ျခာျခာ သ႐ုပ္ေဆာင္ျပရင္း

႐ုပ္ရွင္ခ်စ္သူေတြရဲ့ႏွလုံးသားကို ကိုင္လႈပ္သြားခဲ့တာေလ။

ၿပီးေတာ့ ရိန္းဆိုတာကလည္း ျမန္မာပရိသတ္ေတြရဲ့ရင္ထဲကို ခ်စ္စံအိမ္ဇာတ္ကားနဲ႔ ပထမဆုံးတိုးဝင္လာခဲ့ၿပီး ခုထက္ထိေအာင္ မြီးတို႔ ေခးတို႔ရဲ့ အားေပးမႈကို

အခိုင္အမာရထားတုန္းပဲ ဟုတ္။

ဒီေတာ့ အားလုံးနဲ႔ရင္းႏွီးၿပီးသား ခ်စ္စံအိမ္ဇာတ္လမ္းတြဲေလးကို FOF က ျမန္မာစာတန္းထိုးနဲ႔ တင္ဆက္ေပးေတာ့မွာမို႔ ဇာတ္လမ္းေမ့ေနသူေတြလည္း ျပန္သတိရလာေအာင္၊ မၾကည့္ဖူးသူေတြလည္း ဇာတ္လမ္းအေၾကာင္းေလး အၾကမ္းဖ်ဥ္းသိသြားရေအာင္

ျပန္အစေဖာ္ေပးမယ္ေနာ္။

ဟန္ဂ်ီအြန္းဟာ သြက္လက္ထက္ျမက္တဲ့ ဇာတ္ညႊန္းေရးဆရာမတစ္ေယာက္ျဖစ္ၿပီး မိဘႏွစ္ပါးဆီကေန FULL HOUSE လို႔ အမည္ေပးထားတဲ့ အိမ္ေဂဟာႀကီးကို အေမြဆက္ခံရရွိထားသူပါ။

လီေယာင္ေဂ်းကေတာ့ ဆန္းပြင့္ေနတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး အတၱႀကီးသေလာက္ မိတ္ေဆြသူငယ္ခ်င္းေတြကို ဂ႐ုစိုက္တတ္သူပါ။

တစ္ေန႔မွာ ဂ်ီအြန္းရဲ့သူငယ္ခ်င္းႏွစ္ေယာက္က ေငြလိုခ်င္ေဇာနဲ႔ မလိမ့္တပတ္ဉာဏ္ဆင္ရင္း ဂ်ီအြန္းကို အပန္းေျဖခရီးလႊတ္လိုက္ၿပီး FULL HOUSE အိမ္ႀကီးကို ေရာင္းပစ္ခဲ့ပါတယ္။

အဲဒီ့အခ်ိန္မွာပဲ ကံဆိုးသူဂ်ီအြန္းတစ္ေယာက္ ေလယာဥ္ေပၚမွာ ေယာင္ေဂ်းနဲ႔ေတြ႕ၿပီး ေနာင္ဂ်ိန္ဇာတ္လမ္းေလးေတြ ညိလာခဲ့ပါတယ္။

ျဖစ္ခ်င္ေတာ့ ခရီးကလည္းျပန္ေရာက္ေရာ သူ႔အိမ္ကို ေယာင္ေဂ်းဆီေရာင္းၿပီးသား ျဖစ္ေနခဲ့တဲ့အတြက္ ဒီအိမ္ကိုျပန္ဝယ္နိုင္ဖို႔ ေယာင္ေဂ်းဆီမွာ အိမ္ေဖာ္ျပန္လုပ္ရတဲ့ဘဝ

ေရာက္ရပါေတာ့တယ္။

ဒီလိုနဲ႔ လုံးဝအက်င့္စရိုက္မတူတဲ့ သူတို႔ႏွစ္ေယာက္ တစ္အိမ္ထဲ မတည့္အတူေနရင္း

ေယာင္ေဂ်းက သူ႔ရဲ့ CRUSH ေဟးဝန္ကို မနာလိုေအာင္လုပ္ဖို႔ ဂ်ီအြန္းနဲ႔ဟန္ေဆာင္လက္ထပ္ဖို႔ ျဖစ္လာတဲ့အခါ…..

ဆယ္လီမင္းသားနဲ႔ အထည္ႀကီးပ်က္ ဇာတ္ညႊန္းေရးဆရာမေလး ခ်စ္စံအိမ္ႀကီးထဲ ဘယ္လိုေတြႏွစ္ပါးသြားၾကမလဲဆိုတာ ရင္ခုန္စြာနဲ႔ ဆက္လက္ၾကည့္ရႈလိုက္ရေအာင္ေနာ္….

Reviewed by ….May Myat Thu

.

Full House
Full House
Original title 풀하우스
TMDb Rating 7.7 28 votes
First air date Jul. 14, 2004
Last air date Sep. 02, 2004
Seasons 1
Episodes 16
Average Duration 70 minutes

Similar titles

Witch’s Romance
Pinocchio
Seventeen
I Hear Your Voice
Standby (스탠바이)
Did We Really Love?
Couple or Trouble
My Bubble Tea
CSI: Miami
Come Back Alive
REBORN!
Jewel in the Palace

(2) comments

  • Aung Kyaw WinAugust 6, 2022Reply

    12-16ပျက်နေလို့ပြန်တက်ပေးပါဦးကျေးဇူးတင်ပါတယ်

    • Win Kyaw ThuOctober 25, 2022Reply

      တင္ေပးပါ့မယ္ဗ် အားတာနဲ႕

Leave a comment

Name *
Add a display name
Email *
Your email address will not be published