
(Zawgyi)
(Unicode)
ကမ္ဘာ့မီးအပျက်ဆုံး မြို့နယ်မှာ နေရတာက ဘုရားပေးတဲ့ပြစ်ဒဏ်
ပြီးခဲ့တဲ့တစ်ပတ်ကမှ ထွက်လာပြီး Amazon studios နဲ့ BBC studios ပူးပေါင်းတင်ဆက်ထားတဲ့ ပူပူနွေးနွေး စီးရီးအသစ်လေးကို နေ့တိုင်းတင်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်
Mini-series ဖြစ်တဲ့အတွက် အပိုင်းခြောက်ပိုင်းပဲ ပါပါတယ်
Terry Pratchett နဲ့ Neil Gaiman တို့ ရေးသားခဲ့ပြီး ၁၉၉၀ မှာ ထွက်ရှိခဲ့တဲ့ Good Omens ဝတ္ထုကို သရုပ်ဖော်ရိုက်ကူးထားတာပါ
Good Omens ဟာ ဘာသာရေးနဲ့ဆက်နွယ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ပါဝင်စားသူတွေ ကြည့်သင့်တဲ့စီးရီးတစ်ခုပါ
ကမ္ဘာပျက်ကိန်းဆိုက်မယ့်အရေးကို ပူးပေါင်းကာကွယ်ကြမယ့် တမန်တော်တစ်ပါးနဲ့ နတ်ဆိုးတစ်ကောင်ရဲ့ စွန့်စားခန်းတွေကို အဓိကဇာတ်အိမ်တည်ထားပြီး ခပ်နှောင့်နှောင့်ဟာသလေးတွေ နှောထားတာကြောင့် တစ်မူထူးခြားတဲ့ တင်ဆက်ပုံကို ကြည့်ရှုခံစားကြရမှာပါ
အလင်းနဲ့အမှောင်ကြားက စည်းပါးပါးလေးအကြောင်း တွေးစရာရစေတဲ့အပြင် တမန်တော်နဲ့နတ်ဆိုးဆိုတဲ့ ကမ္ဘာဦးရန်သူတော်နှစ်ယောက်ကြားက သံယောဇဉ်ကိုလည်း ချစ်စရာကောင်းအောင် ပုံဖော်ထားတာမို့ ပရိသတ်သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်
IMDb rating – 8.5/10
Total episodes – 6
Runtime – Around 50 mins per episode
Quality – 1280 x 560
File size – Around 250 Mb per episode
Review, Translated and Encoded by – May Myat Thu
Season 1 Full Download