
(Unicode)
ဒီတခါမှာတော့ မေလ (၂၂)ရက်နေ့က ထွက်ရှိခဲ့တဲ့ ထိုင်းဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုရီးယား (Perfume)လို ပြန်ငယ်သွားစေတဲ့ မှော်ရေမွှေးလို ဒီထိုင်းဇာတ်လမ်းတွဲက အရမ်းချစ်သွားစေတဲ့ မှော်နို့လက်ဖက်ရည်အကြောင်းပဲဖြစ်ပါတယ်(အက်မင်တောင် သောက်ချင်မိတယ်)။
မိုဒမ်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် မိသားစုအမွေအနှစ် မှော်နို့လက်ဖက်ရည်ကို လက်ဆင့်ကမ်းဖန်တီးပြုလုပ်ရာမှာ အောင်မြင်သွားခဲ့တယ်။ အဲ့လက်ဖက်ရည်အစွမ်းက အရမ်းချစ်မိစေတာ။ ဒါနဲ့ပဲ သူ့ရဲ့မှော်လက်ဖက်ရည်ကို သူ့crush သူဌေးကို တိုက်ဖို့ကြိုးစားပါလေရော၊ ဖြစ်ချင်တော့ သူ့သူဌေး မသောက်လိုက်ရပဲ တခြားတစ်ယောက် သောက်မိသွားတဲ့အခါမှာတော့……….
ကောင်မလေး သူ့ချစ်တဲ့သူဌေးနဲ့ မှော်လက်ဖက်ရည်ကြောင့် သူမကိုချစ်မိသွားတစ်ယောက်အကြား ဘယ်လို (၃)ပါးသွားမလဲ ကြည့်ရှုလိုက်ပါနော်။
ဒီဇာတ်လမ်းတွဲ တစ်ပတ်ကို (၁)ပိုင်းလွှင့်တဲ့ ongoing series ဖြစ်ပြီး အပိုင်းအရေအတွက် (၁၃)ပိုင်း ပါဝင်မှာဖြစ်ပါတယ်။
(Zawgyi)